ရှေးခတ်တုန်းက မြန်မာပြည်ရွာကြီးတစ်ရွာမှာ လင်မယားနှစ်ဦးရှိတယ်။ သူတို့လင်မယားဟာ အိမ်ထောင်သက် နှစ် နှစ်ခန့်ကြာတော့ ပထမဆုံးသမီးလေးမွေးဖွားတယ်။ သူတို့ကတော့ သမီးတစ်ဦး သားတစ်ဦး မွေးမယ်လို့ ဆုံးဖြတ်ထားတယ်တဲ့ သူငယ်ချင်းတို့ရ.. ဒါပေမယ့် သူ့မိန်းမ ကံမကောင်းချင်တော့ သားလေးရနိုးရနိုးနဲ့ မွေးလာလိုက်တာ (၇)ဦးမြောက်တဲ့ အထိ သမီးမိန်းကလေးချည်းပဲ ဖြစ်နေသတဲ့။ နောက်ဆုံးမှာတော့ လင်မယားနှစ်ယောက်က သားလေးရယူဖို့ စိတ်ကူးကို လက်လျော့လိုက်ရတော့တယ်။
ဒီလိုနဲ့ သမီး(၇)ဦးက အချိန်တန်တော့ အရွယ်ရောက်တယ် ။ မိဘနှစ်ပါးက သမီးတွေ ဇတိရပ်ရွာမှာနေရင် ဇာတိဒေသမှာပဲ အိမ်ထောင်ကျမှာကို မလိုလားဘူး။ အနယ်နယ်အရပ်ရပ်မှာ အိမ်ထောင်ကျမယ်ဆိုရင်တော့ သမီးတွေဆီအလည်အပတ်သွားရင်း ဒေသန္တရ ဗဟုသုတရနိုင်တယ်လို့ စိတ်ကူးမိသတဲ့။ ဒါကြောင့် သမီးတွေကို ငွေအလုံအလောက်ထုတ်ပေးပြီး သင့်တော်ရာအရပ်မှာဒေသမှာ လုပ်ကိုင်စားသောက်ဖို့ စေလွှတ်လိုက်တယ်။ တကယ့်ရည်ရွယ်ချက်ကတော့ ကြင်ယာရှာဖို့ပါ။
သမီးတွေက မြန်မာပြည်အရပ်ရပ်သွားရင်း တွေ့ဆုံချစ်ကြိုက်ကြပြီး အသီးသီး အိမ်ထောင်ကျကုန်ကြတယ်။
ပထမသမီးက တနိုင်းမြို့သားနဲ့ အိမ်ထောင်ကျတယ်။ သားတစ်ဦးသာထွန်းကားတယ်။ နောက်ထပ်ကလေးရယူခြင်းမရှိတော့ဘူး။
ဒုတိယသမီးကတော့ မုဒုံမြို့အနီး ချောင်းနှစ်ခွရွာသားနဲ့အိမ်ထောင်ကျတယ်။ သားသမီးနှစ်ဦး မွေးတယ်။
တတိယသမီးက သုံးခွမြို့သားနဲ့ အိမ်ထောင်ကျပြီး သားသမီးသုံးဦးထွန်းကားတယ်။
စတုတ္ထသမီးက လေးမျက်နှာမြို့သားနဲ့ အိမ်ထောင်ကျပြီး သားသမီးလေးဦးမွေးဖွားတယ်။
ပဉ္စမသမီးက ငါးသိုင်းချောင်းမြို့သားနဲ့ အိမ်ထောင်ကျပြီး သားသမီးငါးဦး မွေးဖွားတယ်။
ဆဌမသမီးကတော့ ချောက်မြို့သားနဲ့ အိမ်ထောင်ကျပြီးတော့ သားသမီးခြောက်ဦးဗျ။
သမီးခြောက်ဦးက အိမ်ထောင်ကျပြီး သားသမီးတွေနဲ့ အခြေတကျဖြစ်နေပေမယ့် အငယ်ဆုံးသမီးကတော့အသက် (၃၀) ရှိသည့်တိုင် အိမ်ထောင်မကျသေးဘူးတဲ့။ မိဘတွေကလည်း သမီးတွေရဲ့ ကလေးအရေအတွက်နဲ့ သူတို့အိမ်ထောင်ဘက်အမျိုးသားတွေရဲ့ဇာတိအမည်နဲ့ လိုက်ဖက်နေတာကို သတိပြုမိတယ်တဲ့ ။ဒါကြောင့် သမီးထွေးဟာ ဘယ်မြို့သားနဲ့ အိမ်ထောင်ကျမလဲလို့ စိတ်ဝင်စားနေကြတယ်။
တစ်နေ့မှာတော့ သမီးလေးဟာ အမျိုးသားတစ်ဥင်္ီးနဲ့ အိမ်ပြန်ရောက်လာတယ်။ မိဘနှစ်ပါးဟာ သမီးထွေးအမျိုးသားရဲ့ မိဘမျိုးရိုးနဲ့ အလုပ်အကိုင်ကို စိတ်ဝင်စားခြင်းမရှိဘဲ ဘယ်မြို့သားလဲဆိုတာကို ခရီးရောက်မဆိုက် သမီးထွေးကို သီးသန့် ခေါ်ပြီးမေးမြန်းကြတယ်။
“သမီး အမျိုးသားက ဘယ်မြို့သားလဲ”
“သုံးဆယ်မြို့ကပါ”လို့ သမီးထွေးက အေးအေးဆေးဆေးပြန်ပြောလိုက်တယ်။ ထိုအခါ မိဘနှစ်ပါးပြိုင်တူပြောလိုက်တာကတော့
“ဟိုက် ငါ့သမီးလေးတော့ ကိုယ့်ကျိုးနည်းပါပြီ”တဲ့
ကဲ မိန်းကလေးများ အိမ်ထောင်ပြုမယ်ဆိုရင် သတိပြုကြပါနော်။။။
No comments:
Post a Comment