Saturday, March 3, 2012

ဇော်ဂျီ


ဤ Blog မှာအန္တရာယ်ရှိပါသဖြင့် စမ်းသပ်လုပ်ဆောင်ခြင်းမပြုပါရန်။
Don’t Try This
မောင်ဂျက်ဖုန်းသည် သူ၏မစွံနိုင်တော့သော ရုပ်ရည်ကိုသိရှိပြီးနောက် လူ့ဘ၀ကိုစိတ်ကုန်ကာ  အမြဲဖိုထိုးနေသူတစ်ဦးဖြစ်ပြီး အောင်မြင်သူလည်းဖြစ်ပေသည်။ ပြဒါးရှင်သုံးလုံး ရရှိထားသူဖြစ်ပြီး ဇော်ဂျီအသွင်ဖြင့် သူယောင်တောသို့သွားရောက်နိုင်သည်။ မိမိ၏ဇော်ဂျီတောင်ဝှေးဖြင့် သူယောင်သီးကို တို့ကာ သူယောင်မယ်များဖြစ်အောင် ဆောင်ရွက်နိုင်ပါသည်။ ထိုသူယောင်မယ်များနှင့် ပျော်ပါးနိုင်ပါသည်။ သို့သော် ဇော်ဂျီအသွင်သို့ပြောင်းရာတွင် မောင်ဂျက်ဖုန်းအားကူညီမည့် တပည့်တစ်ဦးအလိုရှိပါသည်။ ထိုတပည့်မှာ ယုံကြည်စိတ်ချရမည့်သူဖြစ်ရပါမည်။ မောင်ဂျက်ဖုန်းသည် စိတ်ချရသော တပည့်ဖြစ်သူ မောင်ပြည့်စုံကို ရှာဖွေပြီး ပြဒါးရှင်သုံးလုံးကိုပေးကာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မှာကြားပါသည်။
          ပထမဦးစွာ ဆီပူအိုးကြီးကို ဆူပွက်အောင် မီးတိုက်အပူပေးမည်။ ဆီပူပွက်လာသောအခါ ဆီအိုးအတွင်းသို့ ဖိုးပေါက်ဆိန်ခုန်ဆင်းလိုက်မည်။ ထိုအခါ ဆီပူအိုးအတွင်းတွင် မောင်ဖုန်းသည် ပျော်ဝင်သွားပြီး အသွေးအသားအရောင်ပြောင်းကာ ဆီပူအိုးကြီးနီရဲလာမည်ဖြစ်သည်။ ဒီအချိန်မှာ တပည့်ဖြစ်သူမှ တွေဝေမနေပဲ ပြဒါးလုံးများကို တစ်လုံးပြီး တစ်လုံးပစ်ထည့်ရမည်ဖြစ်သည်။ နောက်ဆုံးပြဒါးလုံး ပစ်ထည့်ပြီးချိန်မှ “၀ုန်း” ခနဲ အသံနှင့်အတူ မောင်ဂျက်ဖုန်းသည် ဇော်ဂျီအသွင်ဖြင့် ထွက်ပေါ်လာမည်ဖြစ်သည်။ မောင်ဂျက်ဖုန်းက တပည့်ဖြစ်သူမောင်ပြည့်စုံကို အကြိမ်ကြိမ်အထပ်ထပ်မှာပြီး အစီအရင်ကိုစတင်ခဲ့ကြသည်။
          ဆီပူအိုးပူပွက်လာသည်နှင့် မောင်ဂျက်ဖုန်းတစ်ယောက် ခုန်ဆင်းသွားခဲ့သည်။ တပည့်ဖြစ်သူ မောင်ပြည့်စုံမှာလည်း ဆရာဂျက်မှာကြားသည့်အတိုင်း ပထမပြဒါးတစ်လုံးကို ဆီအိုးထဲသို့ ပစ်ထည့် လိုက်သည်။ ထိုနောက် ဆီပူအိုးတစ်ခုလုံးအထဲရှိ ဆီများမှာ ငွေရောင်အဖြစ်ပြောင်းလာလေသည်။ ထိုနောက် ဒုတိယပြဒါးကို ဆီပူအိုးအတွင်းသို့ ပစ်ထည့်လိုက်လေသည်။ ဆီများသည် ငွေရောင်မှ တဆင့် ရွှေရောင်အတိသို့ ပြောင်းသွားလေသည်။ ရွှေများသည် ၀င်းဝါနေပြီး ၁၆ ပဲရည်ရွှေအစစ်များပင်ဖြစ်သည်။ ထိုအခါ တပည့်ဖြစ်သူမောင်ပြည့်စုံသည် လိုချင်လောဘတက်လာပြီး ရွှေရည်များကို အနီးရှိ ဇွန်းတစ်ချောင်းဖြင့် ခပ်ယူထားလိုက်လေသည်။ ၅ိ/ ကျပ်သားခန့်ရှိမည်ဖြစ်သည်။ ထို့နောက် ဆရာမှာထားသည့်အတိုင်း တတိယပြဒါးကို ရွှေရည်များထဲသို့ ပစ်ထည့်လိုက်လေသည်။ ၀ုန်းဆိုသော မြည်သံနှင့်အတူ ဆရာဂျက်မှာ ဇော်ဂျီအသွင်ဖြင့်ပေါ်လာလေသည်။
          မောင်ဂျက်ဖုန်းတစ်ယောက် အလွန်ပျော်ရွှင်နေပါသည်။ မိမိသည် (လူဘ၀တွင် မစွံသလောက်) သူယောင်မယ်တောသို့ သွားရောက်ကာ သူယောင်မယ်များနှင့် ပျော်ပါးနိုင်တော့မည်ဖြစ်ပါသည်။ မောင်ပြည့်စုံအား “ငါ့တပည့် သိပ်တော်တယ်” ဟုချီးမွှမ်းပြီးနောက် ၅ိ/ကျပ်သားခန့်ရှိသော အဓိကပစ္စည်း မပါလာကြောင်း ဟိုစမ်းဒီစမ်းနှင့် သိရှိသွားလေသည်။ ဇော်ဂျီဂျက်ဖုန်းသည် ဂန်ဒူးဇော်ဂျီ ဖြစ်နေပါတော့သည်။ သူယောင်တောသို့သွားကာ ဇော်ဂျီတောင်ဝှေးဖြင့် သူယောင်သီးများတို့ကာ သူယောင်မယ်များနှင့် ပျော်ပါးနေရမည့်အစား ဂန်ဒူးဇော်ဂျီမောင်ဂျက်ဖုန်းတစ်ယောက် တပည့်ဖြစ်သူ မောင်ပြည့်စုံ၏ ကျောပြင်ကိုဗျောအသွင်ဖြင့် ဇော်ဂျီတောင်ဝှေးဖြင့် အကြိမ်ကြိမ်တီးခတ်နေပါတော့သတည်း။

No comments:

Post a Comment