![]() |
အချစ်နှင့်ပက်သက်သော |
တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတာကို/ ချစ်မိတာကို ဒီအချက်ကလေးတွေကြည့်ပြီး သိနိုင်ပါတယ်။
၁။ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ၊ အိပ်ခါနီးလေးမှ သူ့အကြောင်းကို စဉ်းစားမိတယ်ဆိုရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၂။ အားနေတဲ့အချိန်လေးတွေမှာတောင် သူကြိုက်တာလေးတွေလုပ်ပေးမယ်ဆိုတဲ့အတွေးဝင်လာရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၃။ သူနဲ့ပက်သက်သမျှ အကြောင်းအရာလေးတွေကို နေ့စဉ်နဲ့အမျှ ဂရုတစိုက်အလေးထားပေးတယ် ဆိုရင်လည်း သေချာပါတယ် သူ့ကိုချစ်မိသွားလို့ပါပဲ။
၎။ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ဖုန်းဖွင့်ထားပြီး သူပို့လာမယ့် Message သို့မဟုတ် သူဆက်လာမယ့် ဖုန်းသံလေးကို စောင့်မျှော်နေမိတယ်ဆိုရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၅။ သူနဲ့နှစ်ယောက်တည်း စကားပြောရတာကို ကြိုက်တယ်ဆိုရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၆။ အတူတူရှိနေတဲ့အချိန် (ဥပမာ။ ။ Bus Car ပေါ်မှာပဲဖြစ်ဖြစ်၊ Canteen မှာပဲဖြစ်ဖြစ်) သူ့ကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့် မြင်ကွင်းထဲက သူပျောက်သွားရင် အပူတပြင်းလိုက်ရှာမိတာပဲဖြစ်ဖြစ်၊ မကြာမကြာခိုးကြည့်နေတာပဲဖြစ်ဖြစ်လုပ်မိရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၇။ သူဖျားနာနေရင် ထိခိုက်ဒဏ်ရာရလာရင် လိုအပ်တာထက်ပိုပြီး စိုးရိမ်မိသွားရင် သေချာပါတယ်။ သူ့ကို ချစ်မိသွားလို့ပဲ။
၈။ တစ်ခြားလူတွေအပေါ် သူကစေတနာပိုသွားရင် လိုအပ်တာထက်ပိုပြီး စကားပြောမိရင် ကိုယ့်စိတ်ထဲကနေ မနာလိုသ၀န်တိုပြီး ဒေါသထွက်လာရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၉။ သူနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောနေရင် သူ့အပြုံးလေးကို ငေးကြည့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၁၀။ သူ့အကြောင်းတွေ၊ သူ့သတင်းတွေကို အမြဲနားစွင့်တယ်၊ စုံစမ်းနေမိရင်လည်း သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၁၁။ သူနဲ့ပက်သတ်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရသိမ်းထားမိတယ်ဆိုရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၁၂။ Online တက်နေရင်း သူ Online တက်လာမယ့်အချိန်ကို စောင့်မျှော်နေမိတာမျိုး၊ သူနဲ့ချင်နေရင်း သူ Offline ဖြစ်သွားမှာ ကြောက်နေတာမျိုး၊ သူရေးတင်တာတဲ့ Custom Message နဲ့ Picture ကိုကြည့်ပြီး စိတ်ထဲမျာ စိုးရိမ်နေတာမျိုးဖြစ်နေရင် သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပဲ။
၁၃။ အဆုံးပိတ် ဒီစာဖတ်နေတဲ့အချိန်မှာ သူ့ကိုသတိရသွားရင်လည်း သေချာပါတယ်။ သူ့ကိုချစ်မိသွားလို့ပါပဲ။
No comments:
Post a Comment