သူငယ်ချင်းတို့ရေ.. ဒီတစ်ပတ်မှာ ဘာမေးလ်များပို့ရင် စဉ်းစားရင် ခေါင်းတွေတောင် ခြောက်လာတယ်ဗျာ။ စဉ်းစားနေရင်းနဲ့ ည ၈ နာရီ သတင်းကိုကြည့်မိသွားတယ်ဗျို့။ဒီတော့ ကျွန်တော်လည်း သူငယ်ချင်းတို့ မသိတဲ့ သတင်းထူးလေးတွေ ပြောပြချင်လာတယ်။ သတင်းကြေငြာသူ မောင်ပြည့်စုံပေါ့ဗျာ။ စပြီဗျို့….
*တစ်ပတ်အတွင်းသီတင်းများကို** **တင်ပြသွားမှာဖြစ်ပါတယ်။***
(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းအတွင်း အင်အားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းတစ်လုံး ပေါက်ကွဲခဲ့ရာ အနီးအနားတစ်ဝိုက်တွင် ဒဏ်ရာရှိသူတစ်ယောက်မှ မတွေ့ရပေ။ (စက်ကွင်းမလွတ်သူ အားလုံးတစ်စစီဖြစ်ကာ ပေါက်ကွဲသေဆုံးသွားသောကြောင့်ဖြစ်ပေသည်။)အနီးတစ်ဝိုက်တွင် သွေးသံရဲရဲဖြင့် ပေါင်တစ်ဖက်ပြတ်နေသည်ဟု ယူဆပြီး ထောက်လှမ်းရေးမှ အပူတပြင်းရှာဖွေစစ်ဆေးရာ တိုကျိုဖရိုင်းချစ်ကန်းမှ အချဉ်ရေတို့ထားသော ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း တွေ့ရှိရလေသည်။ ထိုကြက်ပေါင်အား အတွင်းရေးမှူးတစ်မှ အိမ်မှ မိန်းမအားစားစေရန်အလို့ငှာ *အိမ်သူပိုင်*အဖြစ် သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။
(၂) သဘာငတိနှင့်အဖွဲ့သည် မနေ့ည ၁၀ နာရီခန့်က ပိုင်အိုနီးယားကလပ်အတွင်းမော်ဒယ်မလေးများ လှုပ်ရှားကခုန်မှု အခြေအနေများကို အငမ်းမရသွားရောက်ကြည့်ရှုကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို မှာစားခဲ့သည်။ (ပိုက်ဆံရှင်းမသွားပေ)
(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ပန်းဆိုးတန်းလမ်း ပလက်ဖောင်းတွင် ခြေသလုံးခန့်အထိ ရေများလျှံတက်လျှက်၇ှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်၇ှိသူများသည် မီးပွိုင့်ထောင့်တွင် ပလက်ဖောင်းဟိုဘက် ဒီဘက်ကို ဆက်သွယ်သော နှစ်ပေခန့်မြင့်သော မြောင်းကူးတံတားများဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး *ရူးပေါဂိုဏ်းရန်ပုံငွေ*မှ အသုံးပြုကျခံ ဆောက်လုပ်သွားမည်ဖြစ်သည်။
(၄) အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယာဉ်မသုံးရနေ့ဖြစ်သော လွန်ခဲ့သော သောကြာနေ့က ယာဉ်များကို စစ်ဆေးရန် ရန်ကုန်မြို့တွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
(၅) အမေရိကန်နိုင်ငံမှ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံမှ *CNG* ကားများသည် လောင်စာဆီစရိတ် သက်သာသော်လည်း အသုဘစရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။
(၆) လွန်ခဲ့သောလက မြန်မာနိုင်ငံရှေးဟောင်းသုတေသနအဖွဲ့မှ ရှာဖွေတွေ့ရှိသော ပုဂံခေတ်မှ အ၀တ်အထည်ဟု ယူဆသော အ၀တ်အထည်ကို ရှေးဟောင်းသုတေသနပြခန်းတွင်ပြသထားရှိသည်။ ယမန်နေ့က သဘာငတိသည် သူ၏ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ပြောဆိုကာ ပြတိုက်မှ ပြန်လည်ထုတ်ယူသွားကြောင်းသိရသည်။
(၇) ပညာရေးဝန်ကြီးသည် မူလတန်းသင်ရိုးညွှန်းတန်းများတွင် ကျောင်းသားကျောင်းသူများ
ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ရိုးညွှန်းတမ်းများထည့်သွင်းသွားမည် ဟုသိရသည်။ အင်္ဂလိပ်စာ ပိုမိုတတ်မြောက်ရေးအတွက်လည်း အင်္ဂလိပ်စာများကို မြန်မာစာများညှပ်၍ သင်ကြားရန်စီစဉ်ထားကြောင်းသိရသည်။
ဥပမာအားဖြင့်
*တစ်ပတ်အတွင်းပြည်တွင်းသတင်းအစီအစဉ်ဒီတင်ပြီးဆုံးပါပြီ။*
*~~**အမလေး**…**ညောင်းလိုက်တာ**~~*
ပုံ
`ပျံကြားရေးဝန်ကြီး’
*“Mr.pyaesone”*

အစ၇ှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟု သိရှိပါသည်။မမFat Fat ထထ Danceအကမှာ FirstDance ပါ Dance ပါ မမရာညည Moon သာသာNight အခါ ငါစာရမမFat Fat ထထ Dance။
*တစ်ပတ်အတွင်းပြည်တွင်းသတင်းအစီအစဉ်ဒီတင်ပြီးဆုံးပါပြီ။*
*~~**အမလေး**…**ညောင်းလိုက်တာ**~~*
ပုံ
`ပျံကြားရေးဝန်ကြီး’
*“Mr.pyaesone”*
No comments:
Post a Comment