Friday, February 3, 2012

ဂျပုမနှင့်ကွင်း(ဂွင်း)ပြဿနာ

ပြည့်စုံ၊ မင်းလာခဲ့ကွာ ငါမြေနီကုန်းမှာစောင့်နေမယ် ငါ့ကောင်မလေးကို မင်းပို့တဲ့မေးလ်တွေနဲ့ ချော့လိုက်တာ ပြန်အဆင်ပြေပြီး အခုမင်းပြုစုမလို့
ဒီလိုသူငယ်ချင်းက သိတတ်တော့လည်း ကျွန်တော်မငြင်းသာဘူးပေါ့ဗျာ။ ဒါနဲ့ပဲ မြေနီကုန်းကို ကျွန်တော်တို့ မှော်ဘီကနေတိုက်ရိုက်ရောက်နိုင်တဲ့ မထူးကား အဲ့ ၁၃၂ အထူးကားကြီး စီးပြီး ထွက်လာတာပေါ့။
ကားကြီးက အထူးကားဆိုတော့ လူတွေလည်း အထူးတင်လေတော့ အထဲမှာ အထူးကိုကြပ်နေတာပေါ့ဗျာ။ (မြင်သာတယ်မလား) အဲ့မှာ ဂွကျတာက အရပ်ပုတဲ့ ကျွန်တော့အတွက် ထိုင်ခုံမရလေတော့ မတ်တပ်ပြန်တော့လည်း အပေါ်တန်းမမှီဆိုမှတော့ ရသမျှလက်ကိုင်ကွင်းလေးပဲ ကိုင်ထားတာပေါ့။ လက်တစ်ဖက်စီမှာ လက်ကိုင်ကွင်းတစ်ခုစီနဲ့ နည်းနည်းတော့ ဟန်ကျသဗျ။ ဒီလိုနဲ့ ခရေပင်လမ်းခွဲရောက်တော့ လူတွေကထပ်တက်လာပြန်ရော။
အဲ့.. အဲ့ထဲမှာတော့ နည်းနည်း (နည်းနည်းဆိုတာက သူများတွေထက် နည်းနည်း ပိုလှတဲ့) ကောင်မလေးတစ်ယောက်တက်လာတယ်ဗျ။ ကောင်မလေးကလည်း ဖြစ်ချင်တော့ ကျွန်တော့်လိုပဲ အရပ်ပုတယ်ဗျ။ (လိုက်ဖက်ချင်တော့ ပြောပါတယ် ဟိ)။ ကောင်မလေးကလည်း အပေါ်တန်းလည်းမမှီ ထိုင်ခုံလည်း မရဆိုတော့ အတက်အဆင်းအပေါက်နားက သံတန်းလေးဖက်ပြီး လိုက်လာတာပေါ့ဗျာ။ အဲ့ဒီမှာ ကျွန်တော်တစ်ယောက်တည်း လက်ကိုင်ကွင်းနှစ်ခုကိုင်ထားတာဆိုတော့လည်း (ကောင်မလေးတစ်ယောက် တိုင်ဖက်နေတာကိုလည်း မကြည့်ရက်တာနဲ့) သူမကို လှမ်းခေါ်လိုက်မိတယ်။
ဟိတ်…ချွတ် ချွတ်” ကောင်မလေးကလည်း ဘာလဲဆိုတဲ့ သဘောနဲ့ မေးပြန်ဆတ်ပြတယ်ဗျ။
ကျွန်တော်လည်း စေတနာတွေ ရေစီးကမ်းပြိုလိုက်ပြီး
ဂွင်း(ကွင်း) ကိုင်မလား ဒီမှာဂွင်း(ကွင်း)ရှိတယ်” တကယ်ပါ ဘုရားစူးရဲ့ စေတနာပါဗျာ။
ဒါကို သူကဘယ်လိုတွေးလဲ မသိဘူး ခေတ်ကာလသားသမီးတွေပြောပါတယ်။
ရှင် မိုက်ရိုင်းလှချည်းလား ဘာပြောတာလဲ” တဲ့ ။ပထမတော့ သူမကြားလို့ထင်ပြီး
ဂွင်း (ကွင်း) ကိုင်မလား မေးတာလေ  ဒီကိုလာခဲ့ ဒီမှာဂွင်း(ကွင်း)ရှိတယ် လာခဲ့” လို့ ထပ်ပြောလိုက်တော့ အဲ့မှာပြဿနာက စတာပဲ ကောင်မလေးက သူ့ဘာသာအတွေးပေါက်တာကို ဘေးကလူတွေကလည်း လိုက်အတွေးပေါက်ပြီး
ဟိုကောင်တော်တော်မိုက်ရိုင်းတဲ့ကောင် ကောင်မလေးကို ဂွင်း(ကွင်း)ခိုင်းတယ်တဲ့
အေးကွာ ရုပ်ကြည့်တော့ သနားကမားနဲ့"(ဟိဟိ ဒါလေးတော့ ထည့်ပေးရမယ်)
ဒီလိုကောင်မျိုးက ခါးပိုက်နှိုက်ထက်ကြောက်ဖို့ကောင်းတယ်
နှမချင်းကိုယ်ချင်းမစာတဲ့ကောင် နည်းနည်းလောက်ဆုံးမလိုက်ပါကွာ
အဲ့လိုပြောပြီး ၀ိုင်း သမ မယ်လုပ်လို့ ကျေးဇူးရှင်စပယ်ယာလေး ကယ်လိုက်လို့ အရိုက်မခံရတယ်ဗျာ။ဒါပေမယ့် ဖြေရှင်းလို့ အပြီးမှာတော့ ကောင်မလေးကိုလည်း မျက်နှာချင်းမဆိုင်ရဲ ၀ိုင်းရိုက်ခံရမှာလည်းကြောက်တာနဲ့ ရှစ်မိုင်ကနေ ကားပြောင်းစီးလိုက်ရပါကြောင်းဗျာ”

No comments:

Post a Comment