အချစ်သည်
 |
အချစ်သည် |
ကြော်ငြာအားကောင်းသော
ဆပ်ပြာနှင့်တူသည်
လူကိုသန့်ရှင်းတောက်ပြောင်စေသည်လေ။
လက်သည်းဆေးဆိုးခြင်းနှင့်တူသည်။
အားတိုင်းယားတိုင်း
တသသ ကလိချင်နေသည်လေ။
ချွင်းဂန်း(ပီကေ)နှင့်တူသည်။
ဝါးစတွင်ချိုသည်
အချိုရည်ကုန်သော်လည်း ၀ါးလို့ရသေးသည်။
ဝါး၍အားရသော် ပူဖောင်းလုပ်၍ရသေးသည်
မှုတ်တတ်ဖို့တော့ လိုသည်ပေါ့နော။
နေကြာစေ့လှော်နှင့်တူသည်။
တွေ့လျှင်ကောက်စားမိသည်
များများစားမိက လျှာကြီးထူပူကျန်ခဲ့သည်လေ။
ဂီတာနှင့်တူသည်
ဈာန်ဝင်နေလျှင် ကြိုးညီနေလျှင်
အလွန်တီး၍ကောင်းသည်
တီးပြီးပစ်ချထားလျှင်လည်း
အေးဆေးပါပင်။
ကြိုးညှိတတ်ဖို့တော့လိုသည်ပင်။
ချောင်းဆိုးခြင်းနှင့်တူသည်။
ဘယ်လိုမှအောင့်မရ
ထွက်လာသော သလိပ်ကိုလည်း
ထွေးပစ်လိုက်မှ နေသာထိုင်သာရှိလေသည်။
တစ်ခါတစ်ခါ အိမ်သာနှင့်တူသည်
မရှိမဖြစ်လိုအပ်သည်။
တက်ပြီးရင်လည်း
(နောက်တစ်ခါ မလိုမချင်း)
မေ့နေတတ်သည်။
တယ်လီဖုန်းနှင့်တူသည်
အချိန်မတော် ထ အော်တတ်သည်
မကိုင်လို့လည်းမဖြစ်
ကောက်ကိုင်လိုက်မှ အော်သံရပ်သွားသည်လေ။
ကားတစ်စင်းနှင့်တူသည်
ကိုယ်က နှိုးရုံနှိုးထားခဲ့ပါက
သူများတက်မောင်းသွားနိုင်သောကြောင့်ဖြစ်သည်။
- အချစ်သည်နွားနို့နှင့်တူသည်
ကိုယ်ပိုင်ဝယ်၊ ကိုယ်တိုင်မွေး
(ကိုယ်တိုင်စို့… အဲ..)
ကိုယ်တိုင်မညှစ်နိုင်သမျှ
စစ်စစ်ရဖို့ခက်သည်လေ။
စာအုပ်တစ်အုပ်နှင့်တူသည်။
ခပ်မြန်မြန် လှန်နိုင်ဖို့လိုသည်။
ငှားဖတ်ခတွေ ဈေးကြီးနေသည်လေ။
ရေခဲတုံးနှင့်တူသည်။
ရေခဲတုံးသည် အပူနှင့်တွေ့လျှင်
အရည်ပျော်လွယ်သည်။
အချစ်သည်လား
ရာဂနှင့်တွေ့လျှင်…
ပန်းအိုးနှင့်တူသည်
ထိုးသမျှ ပန်းတွေသည်ညှိုးသွားမည်
သူကားညှိုးလေ့မရှိ
အချစ်နှင့်သာတူပါသည်။
No comments:
Post a Comment