Saturday, February 23, 2013

အရက်ဗေဒင်


တစ်ခွက်သောက်သူ ၀မ်းတွင်ပူ
ဆူဆူထိုင်းထိုင်းရှိလိမ့်မည်။
နှစ်ခွက်သောက်လျှင် နှုတ်အာရွှင်
ကြည်လင်ဦးနှောက် ကောင်းလာမည်။
သုံးခွက်သောက်က ကျားဗလ
သတ္တိစွမ်းစ ပေါ်လာမည်။
လေးခွက်သောက်မိ ယောင်ယားသိ
တွေ့သည့်စကားပြောလိမ့်မည်။
ငါးခွက်သောက်သော် မိုးကိုမျှော်
ဟစ်အော်သီကြွေး ဆိုလိမ့်မည်။
ခြောက်ခွက်သောက်လတ် ချာလပတ်
မပြတ်လည်၍ ဂျွမ်းပြန်မည်။    ။
(မှတ်ချက်။      ။အရက်ချိုးများအတွက် မပါ။)

No comments:

Post a Comment