များသူငှာ ကြင်ယာရ
ရင်နာလှ စိတ်ဘ၀င်
မြင်ပါက ကြိတ်မရွှင်တယ်
အိပ်လျှင်ကွယ် ပိုခံစား။
“မ” မှန်လျှင် အချင်းမတွက်
ဖျင်းပျက်လည်း ယူတော့မယ်ဗျား။
မေတ္တာထား ချစ်မယ်ဆို
နှစ်ပိုဖွယ် ယောက်ျား။
လစ်ကွယ်လျှို မဖောက်ပြားပါဘူး
စောင့်စားမယ့် သစ္စာရှင်။
ရင်သွေးတစ်ဒါဇင် သူပါဦးတော့
ကြူကာပြုံး မုန်းမဖက်ကြင်။
သက်ထားက အမျိုးမင်လျှင်
အဘိုးပင်မက တစ်ဆွေလုံးကို
စုရုံးလို့ အိမ်ခေါ်ယူ
လုံးဝမငြူ။
အိုကွယ်…
တစ်အုပ်တစ်မကြိးနဲ့ အကြွေးမြီးထူပစေ
မနှေးဒီလူလေ
နွားမသွေရုန်းမယ်ကွဲ့လေး။
ရင်နာလှ စိတ်ဘ၀င်
မြင်ပါက ကြိတ်မရွှင်တယ်
အိပ်လျှင်ကွယ် ပိုခံစား။
“မ” မှန်လျှင် အချင်းမတွက်
ဖျင်းပျက်လည်း ယူတော့မယ်ဗျား။
မေတ္တာထား ချစ်မယ်ဆို
နှစ်ပိုဖွယ် ယောက်ျား။
လစ်ကွယ်လျှို မဖောက်ပြားပါဘူး
စောင့်စားမယ့် သစ္စာရှင်။
ရင်သွေးတစ်ဒါဇင် သူပါဦးတော့
ကြူကာပြုံး မုန်းမဖက်ကြင်။
သက်ထားက အမျိုးမင်လျှင်
အဘိုးပင်မက တစ်ဆွေလုံးကို
စုရုံးလို့ အိမ်ခေါ်ယူ
လုံးဝမငြူ။
အိုကွယ်…
တစ်အုပ်တစ်မကြိးနဲ့ အကြွေးမြီးထူပစေ
မနှေးဒီလူလေ
နွားမသွေရုန်းမယ်ကွဲ့လေး။
No comments:
Post a Comment