ကျွန်တော်တို့ မြို့လေးတွင် မကြာသေးမီကမှ ပြောင်းရွှေ့လာသူ မိသားစုသုံးဦးရှိသည်။ ၄င်တို့မှာ အဘိုးဖြစ်သူ ဦးတင်၊ သားဖြစ်သူ ကိုတင့်ဆန်း နှင့် မြေးဖြစ်သူ စိမ်းလဲ့လဲ့ တို့ဖြစ်သည်။
ထိုမိသားစုမှာ ဂီတကို အလွန်မြတ်နိုးသည်။ ဦးတင်မှာ ပင်စင်စားအဘိုးကြီးဖြစ်သည်။ သူ့လက်ထဲမှာ အမြဲလိုလို တွေ့ရတာကတော့ ရေဒီယိုဖြစ်သည်။ေ၇ဒီယိုမှလာသော သီချင်းများကို အမြဲနားထောင်သည်။ တစ်ချို့သီချင်းများကိုပင် လိုက်ညည်းသည်။ မယ်ဒလင်ကိုလဲ ကောင်းစွာတီးနိုင်သည်။
သားဖြစ်သူ ကိုတင့်ဆန်းမှာ ဖအေ့ခြေရာကို အမီလိုက်သည်။ သူကတော့ ရေဒီယို မဟုတ်။ အိမ်ပေါ်မှာ အပေါ်စက် အောက်စက်ဝယ်ပြီး မိုက်ခဲလုပ်တော့သည်။
သမီးဖြစ်သူ စိမ်းလဲ့လဲ့ ကလည်း အဘိုးနှင့် အဖေ၏ဗီဇပါသည်။ အခုခေတ်အဆိုတော်တွေဖြစ်တဲ့ Lဆိုင်းဇီ၊ ရေဗက္ကာဝင်း၊ ၀ိုင်းစုခိုင်သိန်း သီချင်းများ တရေးနိုးထဆိုခိုင်းတောင် ရသည်။ ဆိုကြမယ် ပျော်ကြမယ်မှာလည်း ဆုရဖူးသည်။
အဲဒီလိုဝါသနာထုံတဲ့ မိသားစုက ဒီနှစ်တန်ဆောင်တိုင်မှာ ထူးထူးခြားခြားလုပ်ပါတော့တယ်။ အဲ့ဒါကတော့ သူတို့မိသားစုသုံးယောက် နာမည်ပါတဲ့ သီချင်းတစ်ပုဒ်ကို တန်ဆောင်တိုင်ညရဲ့ရပ်ကွက်စတိတ်ရှိုးမှာ သီဆိုရမည်။ သီဆိုနိုင်သူကို ဆုငွေ တစ်သိန်းချီးမြှင့်မည်။ ထိုသတင်းကြောင့် ရပ်ကွက်ထဲမှ လူငယ်များ အပြင်းအထန်ရှာဖွေကြတော့သည်။
တန်ဆောင်တိုင်ညသာ ရောက်လာသည်။ ကျွန်တော်တို့မြို့လေးက လူငယ်တွေ(လူကြီးတွေရောပေါ့) သီချင်းကို မရှာနိုင်ကြချေ။ သို့သော်ထိုနေ့မှ ဧည်သည်အဖြစ်ရောက်ရှိလာသော လူငယ်တစ်ယောက်က ထိုသတင်းကြားပြီး စတိတ်စင်ပေါ်တက်ကာ သီချင်းဆိုပြီးဆုငွေတစ်သိန်း ပိုင်ဆိုင်သွားလေသည်။ ထိုလူငယ်သီဆိုသွားသော သီချင်းမှာ အောင်ရင်၏ “ဘာပဲလုပ်ရလုပ်ရ” စီးရီးထဲက “စိမ်းလဲ့ကန်သာ” သီချင်းဖြစ်သည်။ ထိုသီချင်းစာသားမှာ-
“(တို့အညာဒေသာ ရွာသာယာ… ရွာဦးကျောင်းက ထိုအနီးအနာမှာ.. အလွန်.. ကြည်စိမ်းလဲ့လဲ့ရေကန်သာ)၂”
ဖြူနီပြာဝါရောင်စုံကြာxxx တင့်ဆန်းလန်းစွာ ဦးတင်ကာxxx ရိပ်ရောင်ရေထဲxxx ယှက်ဖြာပုံဆွဲxxx ပုထိုးမြတ်ဖြူ ငွေအဆင်းပါ”
ထိုလူငယ်၏ အမည်မှာ ကျွန်တော် John Kaung ပင်ဖြစ်တော့သည်။
No comments:
Post a Comment